Print

ထောပတ်သီး

  02-Sep-2017
Preview Image


အသီးအနှံ့နှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းသည် ကျန်းမာရေးလွန်စွာ အကျိုးရှိပါသည်။ အသီးအနှံ့နှင့် ဟင်းသီးဟင်းရွက်များတွင် ထောပတ်သီး (Avocados) သည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ ထောပတ်သီး (Avocados) သည် လူကြိုက်များသော အသီးတစ်မျိုးဖြစ်သည်။ အများစုကတော့ ထောပတ်သီးကို ဖျော်ရည်အဖြစ်နှင့် သောက်ကြသည်။ အချို့ကတော့ ထောပတ်သီးကို အသီးအတိုင်းပဲစားတတ်ကြသည်။ မျက်နှာနှင့်အရေပြား ကျန်းမာရေးအတွက် ကောင်းစေသည်ဆိုသော အချက်ကိုတော့ လူသိများကြသည်။ ထိုအချက်တွေအပြင် ထောပတ်သီးတွင် အခြားသော ကောင်းသည့်အချက်များလည်း ရှိပါသေးသည်။


ထောပတ်သီး  (Avocados) ၏ ကောင်းကျိုးများမှာ -

- အသားအရေနှင့် ဆံသားကျန်းမာစေရန် အားဖြည့်ပေးပါသည်။

- ခန္ဓာကိုယ်အတွင်းရှိ ခန္ဓာကိုယ်အတွက် မကောင်းသောအဆီများ (LDL) ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွက် ကောင်းသောအဆီ (HDL) ကို တိုးပွားစေသည်။ 

- ကိုယ်အလေးချိန်ကို လျော့ကျစေသည်။ 

- နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေသည်။ 

- ခုခံအားကို မြင့်တင်ပေးသည်။

- သွေးပေါင်ချိန်ကို ထိန်းညှိပေးသည်။

- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိုပေးသည်။ 

- Vitamin A ထုတ်လုပ်မှုကို အထောက်အကူပြုအထောက်အကူပြုသည်။ 

- ကျားမော်မုန်း (testosterone) ကို တိုးပွားစေခြင်းဖြင့် ပန်းသေပန်းညိုးခြင်းများ ပြန်လည်သက်သာလာစေရန် အထောက်အကူပြုပါသည်။ 


အထက်ဖော်ပြပါ အချက်များဖြင့် ထောပတ်သီးသည် လူတို့၏ ကျန်းမာရေးအတွက် အကျိုးပြုနေပါသည်။ 


Credit:

Dr. That Naing



Related Articles


Advertisment 18